Advanced Excel for beginners and intermediate level skills & Professional Level သင်တန်းများ

သင်တန်းရေးရာနှင်လေ့လာစရာ သင်တန်းမည်သို့အပ်ရလဲ သင်တန်းကဘယ်လိုလဲ လမ်းညွှန် ရှင်းပြခြင်း

Advanced Excel for beginnier
ခုမှစလေ့လာမည်ညီညီမများအတွက် အွန်လိုင်းသင်တန်း

Microsoft Excel Professional Level for business accountant
လုပ်ငန်းခွင်မှာ ၁ နှစ်မှ ၃ နှစ်အထိလုပ်ကိုင်ပြီးသူများအတွက်အဆင့်မြင့် အွန်လိုင်းသင်တန်း

အွန်လိုင်းသင်တန်းများစပါမည်

ဒီကာလမှာ တိုင်းရေးပြည်ရာအတွက်ရတက်မအေးကြချိန်မှာသင်တန်းကြော်ငြာအကျိုးအမြတ်ရှာခြင်းမဟုတ်ပါ။ ကျောင်းပြီးစညီညီမများစဥ်ဆက်မပြတ်လေ့လာလိုလျင်လေ့လာနိုင်ရန်နှင့်ပြည်တွင်းပြည်ပမှာအလုပ်လုပ်နေကြသောကျွမ်းကျင်မှုမြှင့်လိုသောညီညီမများအလွယ်တကူလေ့လာနိုင်ရန်ရည်သန်လျက်

ဤအွန်လိုင်းသင်တန်းနှစ်ခုကိုဖွင့်လှစ်ပေးခြင်းဖြစ်ပါသည်။

Data Volume ဘယ်လောက်များများ Business Transaction ဘယ်လောက်ရှုတ်ရှက်ခက်ခက်

သာမာန်ကျွမ်းကျင်မှုနှင့်ဆို ရက်လချီမှပြီးနိုင်သိနိုင်မယ့်ခက်ခဲမှုမျိုး ကျွမ်းကျင်မှုဖြင့် မိနစ်ပိုင်းမှအများဆုံးနေ့ဝက်အတွင်း မှော်ဆရာလို ဆွဲထုတ်ပြနိုင်တယ် လေ့လာဆန်းစစ်နိုင်တယ် တိကျတယ်သေချာတယ်ဆိုတာ လက္ခံနိုင်ပါသလား

စာရင်းကိုင်ပညာ စာရင်းနှင့်မကင်းသောအသက်မွေးဝမ်းကျောင်းပညာရပ်နယ်ပယ်မှာAccounting and Financial Knowledge , Legal & Business Knowledge အပြင် career ကို ၃၀% က နေ ၆၀% လောက်အထိ အကျိုးသက်ရောက်နိုင်စေတာကတော့ IT Skill လို့လည်းပြောနိုင်တဲ့ Data Processing, Analysing Skill ပဲဖြစ်ပါတယ်။

ဒီအထဲမှာ မည်သည့်ဆော့ဖ်ဝဲ ဖြစ်ဖြစ် ERP စနစ်ဖြစ်ဖြစ် မိုး တိမ်ယံမှာတွက်ချက်ချင်း လို့တင်စားတဲ့Cloud computing ကိုယ့်အဆောက်အဦမှာပဲ ထားတဲ့ computing platform on premises ဘာစနစ်ဖြစ်ဖြစ် မည်သည့် database platform နဲ့ထားသည်ဖြစ်စေ ကိုယ်ဆွဲယူလိုက်တဲ့ Data ကို ဘယ်လို extract, validate လုပ်မယ် sorting, filtering , summarising , consolidating လုပ်မယ် customised auto report designing ဆိုတာတွေလည်းပါ၀င်ပါတယ်။

ဒါကိုဘာကြောင့်ပြောရသလဲဆိုယင် အယင် Double entry ခေတ်ဦးနဲ့အခု ကိုင်တွယ်ရတဲ့ သတင်းအချက်အလက်ပမာဏဟာ လုံး၀မတူသလို ပြုစုပုံစနစ်ဟာလည်း အယင်က Source document, day books, journal , ledger, trial balance, final accounts စသဖြင့် Sequence အလိုက်သွားရာကနေ ခု Source document ကနေရိုက်ထဲ့လိုက်တာနဲ့ပဲ Final report သွားနေယုံသာမက အခု မည်မျှပင်နာမည်ကြီးတဲ့ Accounting software, ERP စတဲ့စနစ်အမျိုးမျိုးကိုသုံးသည်ဖြစ်စေ Accountant တွေ Finance Professional တွေရဲ့အလုပ်ချိန် ရဲ့၂၀% ကနေ၅၀% အထိ ရာထူးအလိုက် Spreadsheet တွေနဲ့အချိန်ဖြုန်းရတယ်ဆိုတာပါပဲ။

ကျောင်းတွေမှာ Spreadsheet skill ကို topic အနေနဲ့ဦးစားပေးမသင်ခဲ့ကြတဲ့အတွက် အများစုဟာ အခြေခံသုံးတတ်သည့်တိုင် ကျွမ်းကျင်သူဖြစ်ဖို့ သာမာန်အားဖြင့် ၅ နှစ်ကနေ ၁၀ နှစ်လောက်လုပ်ပြီးမှပဲ တကယ်ကျွမ်းကျင်သူတွေနဲ့တွဲမိရာကနေတဖြည်းဖြည်း ကျွမ်းကျင်လာကြတာဖြစ်ပြီး အဲဒီအခါမှ ယခင်ကမိမိတို့အချိန်အများကြီးဖြုန်း ခက်ခက်ခဲခဲလုပ်ခဲ့ရတာတွေဟာ တကယ့်လွယ်လွယ်နဲ့လုပ်လို့ရတယ်ဆိုတာသိမြင်လာကြပါတယ်။

ဒီလိုမျိုးဖြစ်မယ့်အစားကျောင်းပြီးတာနဲ့အလုပ်စ၀င်တာနဲ့ပဲ သိသင့်တာတွေ ဒီဘက်ကလုပ်ငန်းခွင်မှာတကယ်ထိရောက်မယ့် Spreadsheet skill တွေကို တစ်လနှစ်လအတွင်းသိကျွမ်းသွားကြစေဖို့ ရည်ရွယ်ပြီး တခြား International တန်း၀င် သင်ရိုးများကို ကိုယ်ပိုင် လုပ်ငန်းခွင်တကယ့်အတွေ့အကြုံများနှင့်ပေါင်းစပ်ကာ ၂၀၁၆ မှာ စတင်ဖြန့်ဝေသင်ကြားခဲ့ပါတယ်။

သင်တန်းသားထောင်ချီသွားပြီးကုမ္ပဏီ နဲ့အင်န်ဂျီအိုအဖွဲ့အစည်း၂၀ကျော်ကဝန်ထမ်းကျွမ်းကျင်သင်တန်းအတွက်အားထားသင်ယူခဲ့ကြသော ခိုင်မာသောသင်ကြားမှုကျွမ်းကျင်မှုအထောက်အထားရှိပြီးသား Finance Professional ကပြန်ဖြန့်တဲ့ ဒီ skill ဟာ တကယ်လည်းပြည်တွင်းပြည်ပလုပ်ငန်းခွင်မှာအသုံးတဲ့ပြီး ကြိုက်တဲ့ သူနဲ့ယှဥ် ဒီနယ်ပယ်မှာ ကျနော်တို့ညီညီမများလည်းရင်ဘောင်တန်းနိုင်ပါစေရည်ရွယ်ချက်နဲ့ သင်ကြားပေးသောသင်တန်းလည်းဖြစ်ပါတယ်။

ဘယ်လောက်ရှုပ်ရှုပ် ခက်ခက် အမယ်ဘုတ်ကဲ့သူ့ချည်ခင်ဖြစ်ယင်တောင် ဒီကျွမ်းကျင်မှုရှိယင်အကုန်ရှင်းသွားစေနိုင်ပါတယ်။

ဒါကြောင့် ကျနော်တို့Microsoft Excel အွန်လိုင်းသင်တန်းများကိုလာဂျွိင်းလာတက်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ။

မပျင်မကွက်ကြိုးစားတက်ပါ ပြည်တွင်းပြည်ပကြိုက်တဲ့နေရာမှာအလုပ်ဝင်ကြည့် ဒီသင်တန်းတက်မထားသူ အားလုံးထက် ကျွမ်းကျင်မှုကအဆများစွာသာရမယ်ဆိုတာ လုံးဝအာမခံနိုင်ပါတယ်။

ဟုတ်မဟုတ်ဆိုတာကတော့ သင်တန်းဆင်းသွားပြီးသားပရိုများစွာထံစနည်းနာမေးမြန်းကြည့်နိုင်သလို သင်ကြားမည့်ဦးဆောင်ဆရာရဲ့ တာဝန်ထမ်းဆောင်နေခဲ့တဲ့ အလုပ်အကိုင်တွေ သင်တန်းဆင်းသွားသူတွေရဲ့အများစုရာထူးလစာတိုးတက်မှုတွေလေ့လာကြည့်လျင်သိနိုင်ပါတယ်။

သင်တန်းတက်ရောက်လိုလျင် ကွန်မင့်မှာ တက်ရောက်လိုကြောင်းမှတ်ချက်ရေးခဲ့ဖုန်းနံပါတ်ထားခဲ့လျင် သင်တန်း Chat Box မှဖြစ်စေဖုန်းဖြင့်ဖြစ်စေမည်သို့ သင်တန်းအပ်ရမည်ကိုရှင်းပြပေးမှာဖြစ်ပါတယ်။

ကိုဗစ်ကာလမှာ

စာသင်မှာလားဆို
လူချင်းထိတွေ့စရာမလိုပဲ အွန်လိုင်း Facebook group တွင်သင်ခန်းစာဗွီဒီယိုများ Excel Lessons Working File များဖြင့်မိမိအဆင်ပြေသည့်အချိန်တွင့်လေ့လာနိုင်မည့်စနစ်မျိုးဖြစ်ပြီး လေ့လာရန်ဂိုက်လိုင်းချမှတ်ပေးကာအပတ်စဥ်လေ့လာသွားရန်ဖြစ်ပြီး တပါတ်တစ်ခါ Zoomအွန်လိုင်းကွန်ဖရင့်တွင် သင်တန်းသားများ ကိုယ်တိုင်လေ့လာရာမှအခက်အခဲများမရှင်းလင်းသည်များကိုလည်းမေးမြန်းနိုင်ပြီးဆရာမှဖြေကြားပေးမှာလည်းဖြစ်ပါတယ်။

မိမိလေ့လာထားသောတက်ခဲ့သောအတန်းအတွက် သင်ခန်းစာများ သင်ကြားမှုဗီဒီယိုများကို အချိန်မရွေးအမြဲတမ်းလေ့လာခွင့်ပေးထားမှာဖြစ်ပြီး

သင်တန်းကြေးများမှာလည်းယခင်က classroom များတွင် Advanced Excel ကိုသင်တန်းကြေး ၁၀၀ ၀၀၀ ကျပ် Professional Level ကိုသင်တန်းကြေး ၁၄၅ ၀၀၀ ကျပ်ဖြင့်သင်ခဲ့သော်လည်း

ယခု အွန်လိုင်းသင်တန်းများတွင်

Advanced Excel အတွက် သင်တန်းကြေး ၂၅ ၀၀၀ ကျပ်

Professional Level အတွက် သင်တန်းကြေး ၃၅ ၀၀၀ ကျပ်သာကျသင့်မှာဖြစ်ပါတယ်။

ယခုလိုကိုဗစ်ကာလ အစစအရာရာရပ်တန့်သလိုဖြစ်နေချိန်မှာမေတ္တာရှေ့ထားလျက်သင်တန်းကျေးကိုလည်း ယခင်တကယ့် Professional Fee Training အစား များစွာလျော့ချကာ စရိတ်အလွန်သက်သာစွာနဲ့အချိန်မရွေးနေရာမရွေးမိမိအဆင်ပြေသည့်အချိန်လေ့လာနိုင်အောင်စီစဥ်ပေးတာဖြစ်ပြီး ပညာအခြေခံကောင်းရလိုသူများအခြေခံအတွေ့အကြုံရှိပြီးထပ်မံတိုးတက်လိုသူညီညီမများဒီအခွင့်အရေး အသုံးချနိုင်ကြပါပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။

သင်တန်းများကို အော်တိုဘာ ၁ ရက် ၂၀၂၁ မှစတင်လေ့လာနိုင်မှာဖြစ်ပါတယ်။အွန်လိုင်း Videos lessonsသင်တန်းများဖြစ်တာကြောင့်အချိန်မရွေးသင်တန်းအပ်လေ့လာနိုင်ပြီဖြစ်ပါတယ်။

ဘေးဘယာဝေးကွာပြီးကျန်းမာချမ်းသာကြပါစေ။

ဆရာဦးသန်းလှိုင်
CPA , Professional Traniner of Business Accounting & Microsoft Excel
Accounting System Setup & Implementation
Facebook Online Group & Zoom meeting Classes , Online

🕹️🕹️🕹️🕹️

သင်တန်း Registration Form ရပါပြီ။
Form မှာမိမိတက်မည့် class ကိုရွေးပြီး ငွေလွှဲလျင် Payment Info Code ထည့်ပေးရန်လိုပါသည်။ Payment Info Code မှာအက္ခရာနှင့်နံပါတ်တွဲထားသော ၈ လုံးမှ ၁၆ လုံးအထိ code ကိုမိမိစိတ်ကြိုက်ပြုလုပ်နိုင်ပါသည်။ ဤ code ဖြင့် သင်တန်းသို့ချိတ်ဆက်ခြင်းသင်တန်းကြေးပေးခြင်းများတွင်သုံးရန်သင်တန်းသား၏ကိုယ်ပိုင် codeဖြစ်၍သင်တန်းကိစ္စအဝဝအတွက်ဆက်သွယ်ရာတွင်ဤ Code ဖြင့်ညွှန်းပါမည်။

သင်တန်းအပ်ရန်အောက်ပါ registration form link ကိုနှိပ်ပါ။

🔗🔗🔗🔗 👉❇️👇

https://thanhlaingmcpa.com/registration-form/

💎💎💎💎💎

➡️

Sept 16 ကစပြီး သင်တန်းအတွက် Video တွေ Lesson တွေပြင်ဆင်နေတာမို့ သိလိုတာရှိရင်ချက်ချင်းပြန်မဖြေနိုင်သော်လည်း မေးထားခဲ့ပြီးတပါတ်တခါလောက်ပဲစုပြီးအကြောင်းပြန်ပေးပါ့မယ် သင်တန်းကမိမိအဆင်ပြေရာအချိန်မျိုးစိတ်ကြိုက်ရွေးလွတ်လပ်စွာလေ့လာနိုင်တာမျိုးမို့ Regestration form ဖြည့်ပြီး အဲဒီမှာ create လုပ်လိုက်တဲ့ မိမိရဲ့ payment info code ကိုငွေလွှဲတဲ့အခါထည့်ပေးရင်သင်တန်းအပ်တာပြီးပါပြီ။ကျန်တာဆက်လေ့လာဖို့ပဲကျန်ပါတယ်။

အောက်တို့ဘာ ၁ ရက်မှာစလေ့လာသင်လို့ရပါပြီ။
ခုလိုကာလ သင်တန်းကြေးကိုမေတ္တာဖြင့် အခမဲ့နည်းပါချထားပေးချိန်မှာ တက်ဖြစ်အောင်တက်ထားကြပါနော်။နောင်မှဆရာ သမီးတို့မသိလိုက်လို့မလုပ်ပါနဲ့နော် ဒီပို့စ်ကိုလူများများသိရင်သိတဲ့လူသိရှိလေ့လာအကျိုးရှိစေနိုင်တာကြောင့်ကျေးဇူးပြုပြီးမေတ္တာစေတနာရှေ့ထားရှယ်ပေးကြပါဦးနော်။

သင်တန်းကတော့လေ့လာရတာ လုံးဝစိတ်ကျေနပ်အောင်လွယ်ကူအောင်ကျွမ်းကျင်အောင်အစစအရာရာယခင်ကထက်ပိုကောင်းအောင်ပြင်ဆင်ထားပါတယ်။သင်နေရင်းလည်းထည့်ဖြည့်ထပ်တိုးလာစရာရှိပြီးတိုးချဲ့သွားတာတွေ့ရမှာပါ။



%d bloggers like this: